အကြံပြုလွှာတောင်းခံခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဖွံ့ဖြိုးသစ်ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်

ရေတံခွန်တောင်စီးတီးစီမံကိန်း (YE DAGUN TAUNG CITY PROJECT)အား ပတ်ဝန်းကျင်လေ့လာဆန်းစစ်ခြင်းအစီရင်ခံစာ ကိုမြန်မာနိုင်ငံမှ Resource and Environment Myanmar Co., Ltd. (REM)နှင့် တွဲဖက်ဆောင်ရွက်မည်ဖြစ်ပြီး ပတ်ဝန်းကျင်လေ့လာဆန်းစစ်ခြင်းအစီရင်ခံစာအတွက် သက်ဆိုင်သူများနှင့်တွေ့ဆုံခြင်းအစည်းအဝေးကို (၁.၁၀.၂၀၂၁) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

 သို့ဖြစ်ပါ၍ ရေတံခွန်တောင်စီးတီးစီမံကိန်း(YE DAGUN TAUNG CITY PROJECT)နှင့် ပတ်သက်သော အကြံဉာဏ်များပေးပို့လိုပါက ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ phwintphyothit.com website ၏ chat box တွင်လည်းကောင်း၊ info@phwintphyothit.com သို့လည်းကောင်း အကြံပြုစာများ ရေးသားပေးပို့နိုင်ပါသည်။