ဖွံ့ဖြိုးသစ် ကုမ္ပဏီအကြောင်း

ကျွန်တော်တို့ ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်တွင် စတင်မှတ်ပုံတင်ခဲ့ပြီး လွန်ခဲ့သော နှစ်များအတွင်း ရရှိခဲ့သော အတွေ့အကြုံများစွာဖြင့် လုပ်ငန်းအမျိုးမျိုးကို စတင်ခဲ့ရာ အိမ်၊ ခြံ၊ မြေ လုပ်ငန်းတွင် အဓိက ထိုးဖောက်အောင်မြင်ခဲ့ပါသည်။ ထိုအချိန်မှစတင်ပြီး ကျွန်တော်တို့၏ ကုမ္ပဏီကို ထပ်မံတိုးချဲ့ခဲ့ပြီး မြန်မာပြည်၏ တိုးတက်မှုကို အစဉ်မပြတ် ဦးဆောင်နိုင်ခဲ့ပါသည်။

ယခုအခါတွင် ကျွန်တော်တို့သည် မြန်မာနိုင်ငံ၏ ဝင်ငွေတိုးတက်နေသော လူထုအတွက် အထူးဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့်
ပေးနေသော ကုမ္ပဏီတစ်ခု ဖြစ်နေပါသည်။ ဖွံ့ဖြိုးသစ်သည် မြန်မာနိုင်ငံ၏ ဈေးကွက်ကို ဦးဆောင်နေသော၊ ငွေကြေးတောင့်တင်းသော၊ စီမံခန့်ခွဲမှုကောင်းသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကျွန်တော်တို့၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံကို ကမ္ဘာတွင် တိုးတက်စေရန်၊ တန်းတူယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့် ပြည်သူအများ နေထိုင်မှုအတွက် ကမ္ဘာ့အဆင့်အတန်းမှီစေရန် ဦးတည်လုပ်ဆောင်နေပါသည်။

ဖွံ့ဖြိုးသစ်၏ ရည်မှန်းချက်

ဖွံ့ဖြိုးသစ်သည် မြန်မာနိုင်ငံတွင် ခေတ်အမှီဆုံးနှင့် အကြာရှည်ဆုံး တည်ရှိနေသော လုပ်ငန်းစု တစ်စုဖြစ်လာဖို့
ကျွန်တော်တို့ ယုံကြည်ပါသည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံ၏ ဈေးကွက်ကို တိုးတက်လာစေရန်အတွက် အခက်အခဲများကို ကျော်လွှားပြီး အင်တိုက်အားတိုက်ဖြင့် လုပ်ငန်းများစွာကို တိုးတက်ပြောင်းလဲစေနိုင်သော ကုမ္ပဏီတစ်ခု ဖြစ်စေနိုင်အောင် ကြိုးစားနေပါသည်။

ကျွန်တော်တို့၏ဦးတည်ချက်

ကျွန်တော်တို့ လုပ်ဆောင်နေသော လုပ်ငန်း

ကျွန်တော်တို့၏ ရိုးသားမှု၊ ဆန်းသစ်တီထွင်ခြင်း၊ ဝယ်ယူအားပေးသူများ ရှယ်ယာရှင်များ အဆင်ပြေကျေနပ်ခြင်းနှင့် ငွေကြေးတည်ငြိမ်တောင့်တင်းခြင်းတို့ဖြင့် အခြားလုပ်ငန်းများကို ရှေ့ဆောင်နိုင်အောင် ဦးတည်ကြိုးစားလုပ်ကိုင်နေပါသည်။ အခြားသူများမှ အခက်အခဲများကိုသာ မြင်နေသော အချိန်တွင် ကျွန်တော်တို့သည် အရေးပေးမခံရသော ဈေးကွက်များ၏ တိုးတက်နိုင်ခြေကို မြင်ပြီ ထိုဈေးကွက်များကို တိုးတက်ပြောင်းလဲစေနိုင်ရန် ဦးဆောင်လုပ်ကိုင် ပေးနေပါသည်။ ဘယ်လောက်ပဲ မတိုးတက် မပြောင်းလဲသော အစဉ်အလာရှိနေပါစေ ကျွန်တော်တို့ ကြိုးစားအားထုတ်လို့ ပြောင်းလဲနိုင်ခြေရှိမည်ဆိုလျင် ဘယ်လောက်ပင် ခက်ခဲနေပါစေ အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ပါသည်။

ကျွန်တော်တို့၏ ဝန်ထမ်းများ

ကျွန်တော်တို့သည် အကောင်းဆုံးသော လူတော်များကိုသာ ရွေးချယ်လေ့ကျင့်ပေးပြီး တာဝန်ပေးအပ်နေပါသည်။ ကျွန်တော်တို့ ကုမ္ပဏီကို တိုးတက်အောင်မြင်နိုင်စေဖို့အတွက် ကျွန်တော်တို့ရဲ့ ဝန်ထမ်းများကို တိုးတက်ကျွမ်းကျင်လာနိုင်စေရန် အခွင့်အလမ်းများကို အစဉ်အမြဲ ပေးအပ်နေပါသည်။ အတွေးအခေါ်ကျယ်ပြန့်ပြီး အကြံအစည်များ ပိုမိုကောင်းမွန်လာစေရန်အတွက် ကျွန်တော်တို့သည် လွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ဝန်ထမ်းများအတွက် ပြုလုပ်ဖန်တီးပေးထားပါသည်။ ကျွန်တော်တို့ ကုမ္ပဏီကို တိုးတက်လာအောင် ကြိုးစားနေသော ဝန်ထမ်းတစ်ယောက်ခြင်းစီ၏ လုပ်ကိုင်မှုများသည် ကုမ္ပဏီ၏ အောင်မြင်မှုအတွက် အရေးပါကြောင်းကို ကျွန်တော်တို့ အသိအမှတ်ပြုပါသည်။

ကျွန်တော်တို့ပေးတဲ့ ကတိ

ကျွန်တော်တို့သည် မျှော်လင့်ချက်များနှင့်အိမ်မက်များကို ဖြည့်စည်းပေးနိုင်ရန်အတွက် များစွာသော လူများအတွက် နေထိုင်မှုပုံစံ တိုးတက်လာနိုင်အောင် အခွင့်အရေးပေးနိုင်စွမ်းရှိစေရန်အတွက် ကြိုးစားနေပါသည်။ ကျွန်တော်တို့သည် အကြိုးအမြတ်တစ်ခုထဲသာ ဦးတည်ထားသည်မဟုတ်ပဲ တစ်နိုင်ငံလုံးရှိ လူများစွာကို အကောင်းဆုံး ပေးဆပ်နိုင်ရန် ရည်ရွယ်ထားပါသည်။ ကျွန်တော်တို့ ဖွင့်ဖြိုးသစ်သည် မြန်မာနိုင်ငံ၏ အနာဂတ်အား တိုးတက်ကောင်းမွန်နိုင်စေရန် ရည်ရွယ်ချက်ဖြင့်လုပ်ငန်းများအား လုပ်ဆောင်နေပါသည်။

အဓိကယုံကြည်ချက်

ဖွံ့ဖြိုးသစ်၏ လုပ်ငန်းများသည် ကျွန်တော်တို၏ အဖိုးတန် ယုံကြည်မှု တန်ဖိုးများအတိုင်း လုပ်ဆောင်နေခြင်းဖြစ်ပါသည်။
ကျွန်တော်တို့၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များသည် ကျွန်တော်တို့၏ ရှယ်ယာရှင်များ၊ ဝယ်ယူအားပေးသူများနှင့် မြန်မာနိုင်ငံ၏ ရေရှည်အကျိုးအတွက် ဖြစ်ပါသည်။

ဘက်စုံရေရှည်စီမံခန့်ခွဲမှု

ကျွန်တော်တို့သည် အနာဂတ်တွင် ကမ္ဘာကြီးနှင့် ကျွန်တော်တို့ ကုမ္ပဏီသည် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည်ဟု ရဲဝံ့စွာ ပြောနိုင်ပါသည်။ ကျွန်တော်တို့သ်ည အများနှင့်မတူပဲ တမူထူးခြားစွာ စဉ်းစားတွေခေါ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စွန့်စားမှုများကို လက်ခံပါသည်။ ကျွန်တော်တို့သည် လုပ်ငန်းများစွာကို ကောင်းကျိုးအတွက် ပြောင်းလဲစုစည်းနိုင်သော၊ ပြိုလဲနေသော ဖြစ်စဉ်များကို ပြန်လည်တည်ဆောက်နိုင်သော၊ လက်တွေ့ ကောင်းကျိုးလိုလားသည့် သူများကို လက်တွေ့ ပေးနိုင်သော၊ သဘာဝပတ်ဝန်းကျင်များကို ပြန်လည်ကောင်းကျိုးပြု ပြုပြင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်လာစေရန် ယုံကြည်ပါသည်။

စိတ်အားထက်သန်မှု

ကျွန်တော်တို့သည် ဝန်ဆောင်မှုများအား စေတနာအား ထက်သန်စွာဖြင့် ပေးအပ်နေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ လက်ရှိသမိုင်းကို အပြည့်အဝ လက်ခံပြီး ကျွန်တော်တို့၏ အောင်မြင်မှုနှင့် အနာဂတ်ကို စိတ်အားထက်သန်စွာဖြင့် မျှော်မှန်း လုပ်ဆောင်နေပါသည်။ ကျွန်တော်တို့၏ လုပ်ဆောင်မှု အရာတိုင်းအတွက် ကျွန်တော်တို့၏ ဂုဏ်ယူမှု၊ စိတ်အားထက်သန်မှုနှင့် သစ္စာစောင့်သိမှုတို့ကို တွေ့မြင်နိုင်ပါသည်။

ရိုးသားဖြောင့်မတ်မှု

ကျွန်တော်တို့၏ ကုမ္ပဏီသည် လူ့ကျင့်ဝတ်များနှင့် ကိုက်ညီကြောင်း၊ တာဝန်ယူတတ်ကြောင်းနှင့် တာဝန်ခံနိုင်ကြောင်းကို ကတိပေးနိုင်ပါသည်။ ကျွန်တော်တို့၏ ဖွံ့ဖြိုးသစ်၏ ဝန်ထမ်းများကို ပြောသည့်အရာနှင့် လုပ်ရပ်များ ကိုက်ညီညွတ်စေရန် ယုံကြည်မှု အပြည့်ရှိစေရန် ဦးဆောင်မှုပေးထားပါသည်။

ကောင်းမွန်မြင့်မားအောင် ကြိုးစားအားထုတ်မှု

ကျွန်တော်တို့သည် မြန်မာနိုင်ငံ၏ အနှစ်သက်ဆုံး၊ လေးစားစရာအကောင်းဆုံး လုပ်ငန်းစုတစ်ခု ဖြစ်စေလိုသောကြောင့် အားသွန်ခွန်စိုက် ကြိုးစားနေပါသည်။ ကျွန်တော်တို့သည် အနာဂတ်အတွင် ကျွန်တော်တို့၏ သိရှိနားလည်မှုနှင့် ကျွမ်းကျင်မှုဖြင့် လူအများ၏ နေထိုင်မှု ဘဝကို တိုးတက်ပြောင်းလဲနေသော လုပ်ငန်းတစ်ခုဟု အသိအမှတ်ပြုခံလိုပါသည်။ ကျွန်တော်တို့သည် ကောင်းမွန်သော အကြံအစည်များကို အရေးပေး အကောင်အထည်ဖော်ပြီ ကျွန်တော်တို့လုပ်ဆောင်ရမည့် အရာမှန်သမျှကို ကျွမ်းကျင်ကောင်းမွန်စွာ လုပ်ဆောင်ပေးနေပါသည်။

လူများအပေါ် တန်ဖိုးထားမှု

ကျွန်တော်တို့သည် လုပ်ငန်းတစ်ခု ထိရောက်စွာ တိုးတက်အောင်မြင်နိုင်စေရန်အတါက် လူအများ၏ အထင်အမြင်နှင့် ကျွမ်းကျင်မှုများအား လိုအပ်သည်ဟုယုံကြည်ပါသည်သည်။ ကျွန်တော်တို့သည် အမျိုးမျိုး ကွဲပြားခြားနားသော ရှယ်ယာရှင်များနှင့်လည်း ထိတွေ့ဆက်ဆံကာ ကျွန်တော်တို့လုပ်ငန်း တိုးတက်ရန် အတွက် သူတို့၏ ထင်မြင်ချက်များအား နားထောင်သုံးသပ်ပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ဝန်ထမ်းများအား အရေးပေး ဂရုစိုက် ဆက်ဆံပြီး သူတို့ ကျွမ်းကျင်တိုးတက်လာစေရန်အတွက် ကူညီပံ့ပိုးသင်ကြားပေးနေပါသည်။

အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးစေရန် အားထုတ်မှု

ကျွန်တော်တို့ ဖွံ့ဖြိုးသစ်တွင် ညီညွတ်သောနိုင်ငံသားများ အနေဖြင့် ယူရမည့်တာဝန်များအား အလေးအနက်ထားပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရေးပေး ထောက်ပံ့နိုင်ရေးကို လေးလေးနက်နက် လုပ်ဆောင်နေပါသည်။ ကျွန်တော်တို့၏ လုပ်ငန်းများမှတဆင့် ပြည်သူလူထု၏ပြောင်းလဲနေသော လိုအပ်ချက်များကို ဖြည့်ဆည်းပြီး မြန်မာနိုင်ငံတဝှမ်းရှိ လူပေါင်းများစွာ၏ နေထိုင်မှုဘဝများအား တိုးတက်ကောင်းမွန် စေချင်ပါသည်။