အင်တာနေရှင်ရှယ်ကျောင်း
ရေတံခွန်တောင်အင်တာနေရှင်နယ်ကျောင်းတည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် (၅.၁၀.၂၀၂၂) ရက်နေ့တွင် မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်ခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကျောင်းတွင် မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းသား/ ကျောင်းသူပေါင်း (၁၈၀၀)ကျော် တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ကျောင်းဒီဇိုင်းမှာ တောင်တန်းများပတ်လည်ရံနေသည့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်၍ ကျောင်းသား/ ကျောင်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ခိုင်ခိုင်မာမာ အထောက်အကူပြုနိုင်ပါသည်။
ရေတံခွန်တောင်အင်တာနေရှင်နယ်ကျောင်းတွင် ကမ္ဘာတဝန်းလုံးရှိ ကျောင်းပေါင်း ၅၀၀၀ ကျော်၌ သင်ကြားနေလျက်ရှိသည့် ပြည့်စုံကောင်းမွန်သော ကမ္ဘာသုံးသင်ရိုးညွှန်းတမ်း IB Diploma Program (DP) ကို ထည့်သွင်းသင်ကြားမည်ဖြစ်ပြီး သင်ယူကြမည့် မြန်မာနိုင်ငံမှ ကျောင်းသား/ သူများအနေဖြင့် ကမ္ဘာ့အဆင့်မီ ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်နိုင်ရန် အခွင့်အလမ်းများစွာရရှိလာမည် ဖြစ်ပါသည်။
ဆက်သွယ်ရန် လိပ်စာများ
ရုံးအမှတ်( ၁)
သိပ္ပံလမ်းနှင့် ၇၈ လမ်းထောင့်၊ ဆင်ဖြူကန်ဂေါက်ကွင်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
ရုံးအမှတ်( ၂)
ရေတံခွန်တောင်ဂေါက်ကွင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း။
sales@phwintphyothit.com
+၉၅၉ ၇၇၈ ၇၇၈ ၈၇၇