Business Plan Competition
ဖွံ့ဖြိုးသစ်ကုမ္ပဏီသည် အမိမြန်မာနိုင်ငံအတွက် စိမ်းလန်းစိုပြေ၍ ကောင်းမွန်သော ဂေဟစနစ်နှင့်အညီ လူတိုင်းပါဝင်နိုင်သည့် မျှတ၍တောက်ပသော လူမူစီးပွါး အသိုက်အမြုံ ဖော်ဆောင်ရန်အတွက် တတ်အားသရွေ့ ပူးပေါင်းပံ့ပိုးနေသော လုပ်ငန်းစု ဖြစ်ပါသည်။
သို့ပါ၍ COVID-19 အလွန်တွင် စီးပွါးရေးကျဆင်းမှုနှင့် သက်ရောက်မှုတို့ကို ပြန်လည်ကုစားနိုင်ရန်နှင့် တိုးတက်ကောင်းမွန်လာစေရန်၊ နိုင်ငံ၏ စွန့်ဦးတီထွင်လုပ်ငန်းကဏ္ဍ တိုးတက်အားကောင်း လာစေရန် ရည်ရွယ်၍ Business Plan 2021 ပြိုင်ပွဲကို ကျင်းပပါမည်။ ဆန်းသစ်သောတွေးခေါ်မှုများနှင့်အတူ အရည်အချင်းရှိသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များပေါ် ပေါက်လာစေရန်အတွက် လူမှုစီးပွါးရပ်ဝန်းနှင့် ပတ်ဝန်းကျင်ကို အထောက်အကူပြုပြီး စီးပွါးရေးကျင့်ဝတ်နှင့် လျော်ညီသည့် လုပ်ငန်းစီမံချက်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆုငွေတန်ဖိုးများအနေဖြင့် ပထမဆု သိန်း(၃၀၀) ကျပ်၊ ဒုတိယဆု သိန်း(၂၀၀)ကျပ် နှင့် တတိယဆု သိန်း(၁၀၀)ကျပ် တို့အား အသီးသီးချီးမြှင့်ပေးသွားပါမည်။
ပြိုင်ပွဲဝင်များအားလုံးသည် Business Plan အား မြန်မာဘာသာ (သို့) အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြနိုင်ပြီး မြန်မာနိုင်ငံသားမည်သူမဆို တစ်ဦးချင်း (သို့) အဖွဲ့လိုက် ၁၁ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၁ ရက်နေ့နောက်ဆုံးထားကာ prof.dr.tinwin@gmail.com သို့ပေးပို့၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
တင်သွင်းလာတဲ့ Business Plan များကို Confidentially စနစ်တကျ လက်ခံရွေးချယ်စိစစ်သွားမည်ဖြစ်ပြီး ဖွံ့ ဖြိုးသစ် ကုမ္ပဏီအနေဖြင့် မည်သို့သောအကြောင်းကြောင်းနှင့်မျှ တစိတ်တပိုင်းသော်လည်းကောင်း အပြည့်အဝသော်လည်းကောင်း သုံးစွဲမည်မဟုတ်ကြောင်း သိစေအပ်ပါသည်။
ရွေးချယ်ရာတွင် စီးပွားရေးတက္ကသိုလ်မှ ဝါရင့် ဆရာကြီး/ ဆရာမကြီးများနှင့် လက်တွေ့လုပ်ငန်းခွင်မှပညာရှင်များက စိစစ်ရွေးချယ်ကြမည်ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက –
(၁) ရန်ကုန်စီးပွါးရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊
ပြည်လမ်းနှင့် အင်းယားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း – +01 536 761, 09 795 795 788
(၂) ဖွံ့ဖြိုးသစ်ကုမ္ပဏီလီမိတက်၊
(၇၈)လမ်းနှင့် သိပ္ပံလမ်းထောင့်၊ ဆင်ဖြူကန် ဂေါက်သီးလေ့ကျင့်ရေးကွင်း၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။
ဖုန်း – 09 79 7770 7 17
联系方式
地址 (一)
得板路和 78条路角, 新普感 高尔夫球场, 签秒达斯镇区,曼德勒。
地址(二)
叶大坤岛 高尔夫球场, 八等基镇区,曼德勒。
sales@phwintphyothit.com
+959 778 778 877