Yé Dagun Taung International School Project တည်ဆောက်ရေးလုပ်ငန်းစတင်ခြင်းအား အသိပေးကြေညာခြင်း

ရေတံခွန်တောင်စီးတီးအိမ်ရာစီမံကိန်းတွင် IB Diploma Program (DP) သင်ရိုးညွှန်းတမ်းအား ထည့်သွင်းသင်ကြားမည့် Yé Dagun Tang International School Project တစ်ခု ပါဝင်မည်ဖြစ်ပြီး ကျောင်းတည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် (၅.၁၀.၂၀၂၂) ရက်နေ့တွင် မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်ခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

Yé Dagun Tang International School တွင် ကျောင်းသား/ သူပေါင်း (၁၈၀၀) ကျော် တက်ရောက်သင်ကြားနိုင်မည့် ဖြစ်ပြီး preschool အဆင့်မှစ၍ high school (12 တန်း) အဆင့်အထိပါ သင်ကြားနိုင်မည်ဖြစ်ပါသည်။

Yé Dagun Tang International School တွင် သင်ကြားမည့် IB Diploma program- DP သည် ပြည့်စုံကောင်းမွန်သော ကမ္ဘာသုံးသင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းလုံးရှိ ကျောင်းပေါင်း ၅၀၀၀ ကျော်တွင် အဆိုပါသင်ရိုးအား သင်ကြားပေးနေလျက်ရှိပါသည်။

IB Diploma program ကို သင်ယူကြမည့် မြန်မာနိုင်ငံမှ ကျောင်းသား/ သူများအနေဖြင့် ကမ္ဘာ့အဆင့်မီ ထိပ်တန်းတက္ကသိုလ်များကို တက်ရောက်နိုင်ရန် အခွင့်အလမ်းများစွာရရှိလာမည် ဖြစ်ပါသည်။